စက်မှုဝန်ကြီးဌာနနှင့် ကုလသမဂ္ဂစက်မှုဖွံ့ဖြိုးရေးအဖွဲ့ (UNIDO) တို့ ပူးပေါင်း၍ စက်မှုလုပ်ငန်း/စီးပွားရေး လုပ်ငန်းများတွင် စွမ်းအင်စနစ် အထိရောက်ဆုံး အသုံးပြုခြင်းဆိုင်ရာ (Energy System Optimization) သင်တန်းများ ဖွင့်လှစ်ပို့ချလျက်ရှိရာ Energy Management User Level (၂) ရက် သင်တန်းကို ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းသစ်၊ အမှတ် ၃၅-ဘီ/၁၅၊ စက်မှုဝန်ကြီးဌာန၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာန သင်တန်းခန်းမတွင် ၂၅-၇-၂၀၁၆ (တနင်္လာ) မှ ၂၆-၇-၂၀၁၆ (အင်္ဂါ) နေ့များတွင် International Energy Expert နှင့် Local Expert တို့မှ နံနက် ၈:၃၀ နာရီမှ ညနေ ၄:၃၀ နာရီအထိ သင်တန်းကြေး အခမဲ့ဖြင့် သင်ကြားပို့ချသွားမည် ဖြစ်ပါသည်။
စွမ်းအင်ကုန်ကျစရိတ်လျော့ချလိုသော စက်ရုံ/အလုပ်ရုံများ၊ စွမ်းအင်မန်နေဂျာများအဖြစ် မိမိ ၀န်ထမ်းများကို လေ့ကျင့်ပေးလိုသော စက်ရုံ/အလုပ်ရုံများ၊ ISO 50001 Certification Process နှင့်အညီ Upgrade ပြုလုပ်လိုသော စက်ရုံ/အလုပ်ရုံများမှ တာဝန်ရှိသူများ၊ စွမ်းအင်မန်နေဂျာအဖြစ် အသက်မွေးဝမ်းကြောင်းပြုလိုသူများ၊ စွမ်းအင်အကျိုးရှိ ထိရောက်စွာ အသုံးပြုရေး ပညာရပ်ကို စိတ်ပါဝင်စားသူများ တက်ရောက်နိုင်ပါသည်။ User နှင့် Expert Level သင်တန်းများ တက်ရောက် အောင်မြင်ပြီးပါက Energy Expert အဖြစ် အသက်မွေးဝမ်းကြောင်း ပြုလုပ်နိုင်သည့် အခွင့်အလမ်းများ ရှိပါသည်။